ထိုင်းနိုင်ငံရှိထောင်များမှလွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄၈ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ပြန်လည်လွဲပြောင်း
ထိုင်းနိုင်ငံရှိထောင်များမှလွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄၈ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ပြန်လည်လွဲပြောင်းပေးခဲ့ ကြောင်းသိရသည်။
ထိုင်းတာဝန်ရှိသူများမှ နိုဝင်ဘာ ၅ ရက်နေ့တွင်ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှမြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ပြန်လည်လွဲပြောင်းပို့ဆောင်ရာတာဝန်ရှိသူများကကြိုဆိုလက်ခံပေးခဲ့ ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ရာမှ အကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကိုကျူးလွန်၍ အပြစ်ဒဏ်ကျခံပြီးလွတ်ရက်စေ့လွတ်မြောက်လာသူမျာဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားတွင်အမျိုးသား(၃၄ )ဦး၊ အမျိုး သမီး (၁၄ ) ဦး ၊စုစုပေါင်း (၄၈ ) ဦးပါဝင်ပြီး ရနောင်းမြို့အခြေစိုက်အလုပ်သမားသံအရာရှိဦးမိုးဇော်မှ ရနောင်းလဝက အချုပ် (Immigration Detention Center)မှ ကော့သောင်းမြို့သို့ ခေါ်ဆောင်လာကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက်ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။
ထောင်လွတ်နေရပ်ပြန်များအား၊ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူ များမှလက်ခံကြိုဆိုကြပြီးမိုးလုံလေလုံ နဝရတ် အားကစားရုံသို့ခေါ်ဆောင်ကာကိုဗစ်၁၉ နှင့်အခြားကူးစက်ရောဂါများ ရှိ/မရှိစစ်ဆေးခြင်း ၊သက်ဆိုင်ရာကာကွယ်ဆေးများထိုးနှံပေးခြင်း၊ကိုယ်ရေးအချက်အလက်များရယူခြင်း၊ CDM ဝန်ထမ်းများ၊ဖမ်းဝရမ်းထုတ်ခံထားရသူများ၊စစ်ပြေး၊ရဲပြေး၊ရဲဘက်ပြေး၊တရားခံပြေး၊အမည်မဲစာရင်းဝင်သူမျာနှင့်၊နိုင်ငံခြားသားများရောနှောပါဝင်လာခြင်းရှိမရှိစစ်ဆေးခဲ့ကြောင်းသိရသည် ။မှတ်ပုံတင်ရှိသူများကိုစမတ်ကတ်ပြုလုပ်ပေးခြင်း၊မှတ်ပုံတင်မပြုလုပ်ရသေးသူများကိုမိမိတို့ဒေသတွင်ပြုလုပ်နိုင်ရန်စီစဉ်ပေးခြင်းများပြုလုပ်ပေးပြီးနောက်ဒေသခံများအားလာကြိုသူမိဘဆွေမျိုးများထံအပ်နှံပေးကာဒေသခံမဟုတ်သူများကို နေရပ်ပြန်နိုင်ရန်မော်တော်ယဉ်များစီစဉ်ပေးခဲ့ကြောင်းသိရသည်။