1 ပတ် - ဘာသာပြန်ပါ။

ခရစ္စတီယာနိုရော်နယ်ဒိုတောင် မလုပ်နိုင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်သမိုင်းမှတ်တမ်းသစ်ကို အာလင်းဟာလန်း ရေးသားလာ
=====================

အာလင်းဟာလန်းဟာ မနေ့ညတုန်းက ဒေါ့မွန်နှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုပင် မရယူနိုင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်မှတ်တိုင်အား စိုက်ထူနိုင်ခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ကလပ်ဟောင်းနှင့် ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ယခုရာသီ ၁၈ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ဟာလန်းဟာ အီတီဟတ်တွင် ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဂိုးကြောင့် ဟာလန်းဟာ မန်စီးတီးအတွက် ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် ၂ ဂိုးသွင်းပြီးနောက် ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းခဲ့ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်နှင့် ဒုတိယအကျော့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ယခုရာသီ ချန်ပီယံလိဂ် ၄ ပွဲဆက် ဂိုးသွင်းလာပါတယ်။

သူဟာ နာပိုလီနှင့်ပွဲတွင် ၁ ဂိုး၊ မိုနာကိုနှင့်ပွဲတွင် ၂ ဂိုး၊ ယင်းနောက် ဗီလာရီးရဲလ်၊ ဒေါ့မွန်တို့နှင့်ပွဲများတွင် ဂိုးဆက်သွင်းခဲ့ပါတယ်။

အာလင်းဟာလန်းဟာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းလာတာ မဟုတ်ပါဘူး။

သူဟာ ဒေါ့မွန်၊ ရက်ဘူးလ်ဆဲလ်ဘတ်မှာ ကစားတုန်းကလည်း ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းခဲ့ဖူးပါဘူး။

ဒါကြောင့်လည်း အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတွင် ၅ ပွဲဆက် ၂ ကြိမ်တိုင်တိုင် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
ဟာလန်းဟာ အထက်ပါကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်စံချိန်ရေးထိုးလာပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ၁၄၁ ဂိုး စံချိန်ကို လိုက်မီဖို့ အလှမ်းဝေးနေပါသေးတယ်။
တဖက်တွင် မက်ဆီက ၁၂၉ ဂိုးဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

image