Pitta လို့ခေါ်တဲ့ ငှက်မျိုးစိတ်တွေကို တောင်ငုံး/မြေငုံး/တီတူးပြာ/တီတူးကြီး စသည်ဖြင့် ခေါ်ဝေါ်ကြတယ်။
ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာတွေ့နိုင်တဲ့ Pitta ငှက်မျိုးစိတ် ၁၀ မျိုးအထိရှိပြီး မကြာသေးခင်က ကျနော်တို့ Page မှာ ငှက်ချစ်သူတယောက် သူတို့အိမ်နားမှာတွေ့ရတဲ့ India Pitta ရဲ့ ပုံကို လာပြတဲ့အတွက် India Pitta ကိုပါထည့်တွက်ရင် ၁၁ မျိုးလို့ ပြောလို့ရပါတယ်။
အခု ဒီပုံထဲမှာပါတဲ့ Pitta ကတော့ Fairy Pitta လို့ခေါ်ပါတယ်။ သူအမြဲတမ်း ကျက်စားရာ ဒေသကိုတော့ အရှေ့အာရှလို့ သတ်မှတ်ထားပြီး အရှေ့တောင်အာရှနိုင်ငံအချို့ကို ရွေ့ပြောင်းကျက်စားလေ့ ရှိပါတယ်။
ဒီ Fairy Pitta ရဲ့ ဓာတ်ပုံကိုတော့ ကျနော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက Buddha Garden ထဲမှာ မှတ်တမ်းတင်ရိုက်ကူးထားတာပါ။ Fairy Pitta ကို မြန်မာနိုင်ငံမှာ တွေ့ဖူးတဲ့ မှတ်တမ်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။

image