အမေရိကန်ဒေါ်လာ (၅ ဒသမ ၁၉၆) သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၄) ခု YRIC အတည်ပြု
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၄) ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC)က ခွင့်ပြုပေးခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄) ခု၏ မတည်ငွေရင်းပမာဏသည် အမေရိကန်ဒေါ်လာ (၅ ဒသမ ၁၉၆) သန်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြုပ်နှံမှုကြောင့် ပြည်တွင်း၌ လုပ်သား (၃၆၉ ၅) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး CMP စနစ်နှင့် wearing apparel အမျိုးမျိုး ၊ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁၀/၂၀၂၅ ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။