အာဖဂန်မှာ အားပြင်းငလျင်လှုပ်၊ ၁၀ ဦးထက်မနည်း ေ-သဆုံး
အာဖဂန်နစ္စတန်မြောက်ပိုင်း Mazar-e Sharif မြို့အနီးတွင် တနင်္လာနေ့မနက်ပိုင်းက ပြင်းအား ၆ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးကာ ၂၆၀ ဦး ခန့်ဒ-ဏ်ရာရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကို ကိုးကား၍ ရို-က်တာသတင်းက ဖော်ပြခဲ့သည်။
ငလျင်သည် လူဦးရေ ၅၂၃,၀၀၀ ခန့်ရှိသော Mazar-e Sharif မြို့အနီး အနက် ၁၇ ဒဿမ ၄ မိုင်ခန့်မှ လှုပ်ခတ်သွားခဲ့ခြင်းဟု အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြခဲ့သည်။
Balkh နှင့် Samangan ပြည်နယ်များရှိ ဒေသများသည် ထိခို-က်မှုအများဆုံးဖြစ်ခဲ့ပြီး နိုင်ငံသားအများအပြား အသက်ဆုံးရှုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စစ်တပ် ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီပေးရေးအဖွဲ့များသည် ငလျင်ဒ-ဏ်သင့်ဒေသသို့ ချက်ချင်းရောက်ရှိခဲ့ပြီး လူများကို ကယ်တင်ခြင်း၊ ဒ-ဏ်ရာရရှိသူများကို သယ်ယူပို့ဆောင်ခြင်းနှင့် ဘေး-ဒဏ်သင့် မိသားစုများကို အကူအညီပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှာဖတ်ဇာမန်ကလည်း ငလျင်ဒ-ဏ်သင့်ဒေသတွင် ကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ေ-သဆုံးဒ-ဏ်ရာရသူဦးရေ တိုးလာနိုင်သည်ဟု ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ပြတ်ရွေ့နှစ်ခုပေါ်တွင် တည်ရှိသောကြောင့် ငလျင်ဒ-ဏ် ကိုမကြာခဏခံရလေ့ရှိပြီး မြေလွှာအက်ကွဲမှုများနှင့် ကြီးမားသော ထိခို-က်ပျ-က်စီးမှုများဖြစ်စေသည်။
သြဂုတ်လကုန်က နိုင်ငံအရှေ့တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပြင်းထန်သော နောက်ဆက်တွဲငလျင်များကြောင့် လူ ၂,၂၀၀ ကျော် ေ-သဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ ဒ-ဏ်ရာရရှိခဲ့သည်။