ရန်ကုန်မြို့မှ ပံ့သကူကောက်ကြသူများ
ယနေ့ နိုဝင်ဘာ ၄ ရက်တွင်ကျရောက်သည့် တန်ဆောင် မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ညပိုင်းတွင် ရန်ကုန်မြို့ရှိနေရာအနှံ့၌ ပံ့သကူပစ်သူများ၊ ပံ့သကူကောက်ကြသူများကို တွေ့မြင်ရသည်မှာ ကြည်နူးစရာပင်ဖြစ်သည်။
ယခင်က ပံ့သကူဆိုသည်မှာ လှူလိုသည့် ငွေ၊ ပစ္စည်း၊စားသောက်ကုန် တခုခုကိုနေရာတစ်ခုခုတွင်လူမမြင်သေးခင် သွား၍ချထားခြင်းဖြစ်သည်။
ကိုယ်ချထားလှူခဲ့သည့်ပစ္စည်းကို ရသွားသည့်သူ၏ဝမ်းသာကြည်နူးမှုနှင့်၄င်းတို့မေတ္တာပို့သည့်အခါရသည့် ကုသိုလ်ကိုအမွန်အမြတ်ခံစားကြခြင်းဖြစ်သည်။