မီးပုံးပျံလွှတ်တင်ယှဥ်ပြိုင်ပူဇော်ပွဲ၌ လူကယ်ပြန်ဝန်ကြီးဌာန ပထမဆုရရှိ
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင်ကျင်းပသည့် ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ယှဥ်ပြိုင်ပူဇော်ပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (စိန်နားပန်မီးပုံးပျံ)မှ ပထမဆုဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ ပထမဆု ဆုဖလားနှင့် ဆုငွေများအား နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၄ ရက်ညပိုင်းက ချီးမြှင့်ပေးအပ်ခဲ့သည်။