5 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် မက်စ်ဒေါင်းမန်း စံချိန်တင်

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက ဆလားဗီးယားပရပ်ဂ်ကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်စ်ဒေါင်းမန်းဟာ ပွဲချိန်(၇၂)မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး သူ့အနေနဲ့ အသက်(၁၅)နှစ်နဲ့ (၃၀၈)ရက်သာ ရှိသေးတာကြောင့် အခုလို စံချိန်သစ်ကို ပိုင်ဆိုင်ခဲ့တာပါ။

အရင်က ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူက ၂၀၂၀ တုန်းက ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ မူကိုကို (၁၆ နှစ်၊ ၁၈ ရက်)ဖြစ်ပါတယ်။

ဘာစီလိုနာကစားသမား ယမားလ်က ၂၀၂၃ ခုနှစ်မှာ အသက်(၁၆ နှစ်၊ ၆၈ ရက်)နဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့ပြီး အခု မက်စ်ဒေါင်းမန်းက အားလုံးကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့တာပါ။

မက်စ်ဒေါင်းမန်းဟာ အသက်(၁၇)နှစ်မပြည့်သေးတာကြောင့် အာဆင်နယ်အသင်းနဲ့ စကောလားရှစ်စာချုပ်သာ ချုပ်ဆိုနိုင်သေးပေမဲ့ အသင်းရဲ့အနာဂတ်မှာ သေချာပေါက်ရှိနေမယ့်သူဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောကြားထားပါတယ်။

image