1 ပတ် - ဘာသာပြန်ပါ။

စီးရီးအေချန်ပီယံဆုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုဖြစ်လာမယ်လို့ မာရော့တာ သုံးသပ်

အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌ ဘက်ပီမာရော့တာက ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုဖြစ်လာမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒီရာသီ ပွဲစဉ်(၁၀)အပြီးမှာ လက်ရှိချန်ပီယံ နာပိုလီအသင်းက (၂၂)မှတ်နဲ့ ဦးဆောင်နေပြီး အင်တာမီလန်၊ အေစီမီလန်နဲ့ ရိုးမားတို့က (၂၁)မှတ်စီ၊ ဘိုလော့ဂ်နာနဲ့ ဂျူဗင်တပ်စ်တို့က (၁၈)မှတ်စီ ရရှိထားတာကြောင့် မာရော့တာက အခုလို သုံးသပ်ခဲ့တာပါ။

''အသင်းတွေက အင်အားချင်း ညီမျှတဲ့အခြေအနေမှာ ရှိနေကြတာကြောင့် နောက်ဆုံးပွဲစဉ်အထိ ရင်ဖိုစွာစောင့်ကြည့်ရမယ့်ရာသီ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအပြိုင်ဖြစ်နေတဲ့အသင်းတွေအားလုံးက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိနေကြပါတယ်'' လို့ မာရော့တာက ပြောကြားခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုကို ဂျူဗင်တပ်စ်အသင်း (၉)ရာသီဆက် ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆု ဆက်တိုက်ရယူနိုင်တဲ့အသင်း မရှိတော့ဘဲ နောက်ဆုံး(၅)ရာသီအတွင်းမှာ အင်တာမီလန်နဲ့ နာပိုလီက နှစ်ကြိမ်စီ၊ အေစီမီလန်အသင်းက တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီ စီးရီးအေချန်ပီယံဆုအတွက် အလေးပေးမှုမှာ ထိပ်ဆုံးက နာပိုလီထက် အင်တာမီလန်အသင်းက ပိုမိုရေပန်းစားနေကြောင်းလည်း သိရပါတယ်။

image