6 ရက် - ဘာသာပြန်ပါ။

လူးဝစ်ဗီးလ်လေဆိပ်မှာ လောင်စာတင်လေယာဉ် ပျက်ကျ မီးလောင်လို့ ခုနှစ်ယောက်သေဆုံး

အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကုန်တင်လေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီးနောက် မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုအချိန်အထိ သေဆုံးသူ ခုနှစ်ယောက်ယောက်ရှိကြောင်း အတည်ပြုပြီး သေဆုံးသူတိုးလာမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် လူ ၁၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

အနီးနားမှာ နေထိုင်သူတွေကတော့ ဘေးလွတ်ရာ ရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ လေယာဉ်ဟာ လောင်စာဆီဂါလံ သုံးသောင်းရှစ်ထောင်ခန့် သယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့ပြီး မီးတောက်တွေဟာ အနီးအနားရှိ လုပ်ငန်းတွေကိုပါ လောင်ကျွမ်းခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းသုံးယောက် လိုက်ပါလာပြီး အားလုံး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဟာဝိုင်အီသို့ ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ် ၂၉၇၆ ဟာ ဒေသစံတော်ချိန် ၅ နာရီ ၁၅ မိနစ်မှာ ပျက်ကျခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ မီးသတ်သမား အယောက် ၁၀၀ ကျော်က မီးငြှိမ်းသတ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

image