1 ရက် - ဘာသာပြန်ပါ။

၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိ

ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆုအဖြစ် သတ်မှတ်ခံရတဲ့ ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိခဲ့ကြောင်း သိရပါတယ်။

Golden Boy ဆုကို အီတလီအားကစားသတင်းစာ Tuttosport က ဖန်တီးချီးမြှင့်တာဖြစ်ပြီး ဥရောပမှာ ယှဉ်ပြိုင်ကစားနေတဲ့ အသက်(၂၁)နှစ်အောက် ကစားသမားတွေသာ အကျုံးဝင်တာဖြစ်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ပြင်သစ်ကစားသမား ဒူအီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ(၆၁)ပွဲကစားကာ (၁၆)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ ရရှိခဲ့သလို၊ နွေရာသီမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

အခု Golden Boy ဆုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး PSG ကစားသမားတွေထဲမှာ ဘာပေရဲ့နောက် ဒုတိယမြောက် ရရှိသူ၊ ပြင်သစ်ကစားသမားတွေထဲမှာ ပေါ့ဘာ၊ မာစီယဲလ်၊ ဘာပေတို့ရဲ့နောက် စတုတ္ထမြောက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

image
image
image