1 ပတ် - ဘာသာပြန်ပါ။

မိမိအသင်းလူစာရင်းပေါ် ကျေနပ်မိတယ်လို့
အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က မိမိအသင်းလူစာရင်းပေါ် ကျေနပ်မိတယ်လို့
ပြောခဲ့ပါတယ်။

Carabao Cup စတုတ္ထအဆင့် အိမ်ကွင်းပွဲမှာ
ခရစ္စတယ်ပဲလေ့စ်ကို ဝ-၃ ဂိုးနဲ့ရှုံးကာ ပြိုင်ပွဲက ထွက်ခွာခဲ့ပြီးနောက် အသင်းလူစာရင်းမှာ ခြေစွမ်းပိုင်းကွာဟချက်များနေတာကို ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

အာနယ်ဆလော့ဟာ အဲဒီပွဲမှာ ဆယ်ကျော်သက်
သုံးဦးကို ပွဲထွက်ကစားခွင့်ပြုခဲ့ပြီး အရန်စာရင်းမှာလည်း ဆယ်ကျော်သက်ငါးဦး ထည့်သွင်းခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ကိုအရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ
ပွဲထွက်စာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာပါ။

''ကျွန်တော်တို့ ဘာမှမလွမ်းပါဘူး။ အသင်းမှာရှိတဲ့ အရည်အသွေးတွေနဲ့ ကျွန်တော် လုံး၀ ကျေနပ်မိပါတယ်''လို့ အာနယ်ဆလော့က ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအဖွင့် ပြိုင်ပွဲစုံ ခုနစ်ပွဲဆက် အနိုင်ရခဲ့ပေမဲ့ နောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲ အရေးနိမ့်ခဲ့ပါတယ်။

image