7 ပတ် - ဘာသာပြန်ပါ။

ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်၍ လေကြောင်း၊ ရေကြောင်း သတိပေးချက်ထုတ်ပြန်

မြန်မာ့ပင်လယ်ပြင်အတွင်း ရေတပ်ဆိုင်ရာပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာ (၇) ရက်နှင့် (၈) ရက်တို့တွင် ရေပြင်၊ ဝေဟင်လက်နက် လေ့ကျင့်ပ-စ်ခ-တ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းဧရိယာများတွင် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့ကို ထုတ်ပြန်ထားကြောင်း အသိပေးထားခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်းဘေးအန္တာရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာ (၅) မိုင်ပတ်လည်ကို သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများထားရှိခြင်းမရှိစေရန် အသိပေးထားသည်။

ထို့ပြင် လေယာဉ် ၊ ရဟတ်ယာဉ်များကိုလည်း အမြင့်ပေ (၁၅,၀၀၀) အောက် ပျံသန်းခြင်းမပြုရန် အသိပေးထားသ ည်။

image