1 ပတ် - ဘာသာပြန်ပါ။

‎၂ဝ၂၅ ခုနှစ်၊ အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆုကို မြန်မာနိုင်ငံကရရှိ


‎၂၀၂၅ ခုနှစ်၊ အာဆီယံ အကောင်းဆုံးအင်ဂျင်နီယာ(ASEAN Outstanding Engineering Achievement Award - Individual Category)ဆုကို မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးပြည့်ဖြိုးမောင် က ရရှိခဲ့ကြောင်းသိရသည်။

‎အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ Pampanga မြို့ Mabalacat City ၏ SMX Convention Center Clark တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၃) ကြိမ်မြောက် ASEAN Federation of Engineering Organizations များ၏ ညီလာခံအစည်းအဝေးနှင့် Engineering Conference ၌ အဆိုပါဆုကို ပေးအပ်ခဲ့ကြောင်း သိရသည်။

‎အဆိုပါ ညီလာခံသို့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူများ၊ World Engineering Organization နှင့် ASIA PACIFIC Region Engineering Organization တို့မှ တာဝန်ရှိသူများ၊ အာရှနှင့် အာဆီယံနိုင်ငံအသီးသီးမှ အင်ဂျင်နီယာများ တက်ရောက်ကြပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညီလာခံများနှင့်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

‎အောက်တိုဘာလ ၃၀ ရက်တွင် ညီလာခံ၏ ညစာစားပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနား၌ ASEAN Federation of Engineering Organizations (AFEO) ဥက္ကဋ္ဌက အာဆီယံအကောင်းဆုံးအင်ဂျင်နီ ယာစီမံချက်ဆုနှင့် အာဆီယံအကောင်းဆုံး အင်ဂျင်နီယာဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆုရရှိသူ ဗိုလ်မှူး ပြည့်ဖြိုးမောင်အနေဖြင့် နိုင်ငံတကာသုတေသနစာတမ်း ဖတ်ပွဲများတွင် ဆုများရရှိခဲ့မှု၊ ကမ္ဘာ့အဆင့်နည်းပညာဆိုင် ရာပြိုင်ပွဲများဖြစ်သည့် Composite World Cup ပြိုင်ပွဲကြီးများတွင် ဆုများဆွတ်ခူးနိုင်ခဲ့မှု၊ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး ဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် ခေတ်မီနည်းပညာနှင့် သမားရိုးကျနည်းပညာတို့ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းဘုရားများ၊ စေတီတော်ကြီးများနှင့် အဆောက်အအုံများအား Composite နည်းပညာဖြင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုတို့အတွက် ASEAN Federation of Engineering Organization (AFEO) ASEAN Outstanding Engineering Achievement Award (Individual Category)ကို ချီးမြှင့်ပေးရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က အဆိုပြုလွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎ယင်းကြောင့် ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့၌ ကျင်းပသည့် AFEO Midterm အစည်းအဝေးတွင် စိစစ်သုံးသပ်၍ Governing Board Meeting သို့ဆက်လက်အတည်ပြုချက်တောင်းခံပြီး အဆိုပါဆုကိုရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image