1 ပတ် - ဘာသာပြန်ပါ။

တရားမဝင် ပြည်ပနိုင်ငံသား (၅၃) ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၈ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၄၈ ဦး ထပ်မံစစ်ဆေးနိုင်ခဲ့

‎ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၅၃ ဦးအား ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

‎အလားတူ နိုင်ငံပေါင်း ၈ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၄၈ ဦးကို ထပ်မံစစ်ဆေးနိုင်ခဲ့၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၇၄၄ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၉၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၃၇၉ ဦးကို သက်ဆိုင်ရာနိုင်ငံများ သို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

image