ဗီယက်နမ် ရေကြီးရေလျှံမှု သေဆုံးသူ ၁၃ ဦးထိရှိလာ
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၁၃ ယောက်အထိ ရှိလာတယ်လို့ အစိုးရက အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
မိုးရွာသွန်းမှု စံချိန်တင်များပြားတာကြောင့် ဗီယက်နမ်အလယ်ပိုင်းက နေရာအတော်များများမှာ ရေကြီးရေလျှံ ဖြစ် ပွားခဲ့ပြီး ယူနက်စကိုစာရင်းဝင် ဧကရာဇ်မြို့တော်ဟောင်း ဟွေးနဲ့ဟွေးအန်းတို့လည်း အဆိုးရွားဆုံး ထိခိုက်ခဲ့ပါ တယ်။
နိုင်ငံပိုင်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ ဟွေးနဲ့ဟွေးအန်းက နေရာအများစုဟာ ရေအောက်ရောက်ရှိ နေပြီး အိမ်အချို့က အမိုးအထိ ရေနစ်မြုပ်နေတာကို တွေ့ရပါတယ်။
"ကျွန်တော် ရေကြီးရေလျှံမှုတွေကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပါတယ်၊ ဒါက ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပါပဲ"လို့ ဟွေးအန်းမြို့ခံ အသက် ၆၀ အရွယ် ထရန်ဗန်တိန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ ပါတယ်။
ဗီယက်နမ်ဟာ အထူးသဖြင့် ဇွန်လကနေ အောက်တိုဘာလအထိ မုန်တိုင်းရာသီအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတဲ့ အန္တရာယ်ရှိမုန်တိုင်းတွေနဲ့ ရေကြီးရေလျှံတာတွေကို မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။