7 ပတ် - ဘာသာပြန်ပါ။

၈ ရက်အတွင်း ၄ ပွဲကစားရတော့မည့် ပဲလေ့စ်အသင်း

လိဂ်ဖလား ကွာတားဖိုင်နယ်ကို တက်ခဲ့ပြီးနောက် ပဲလေ့စ်အသင်းဟာ ပွဲစဉ်ကြပ်တည်းမှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ၈ ရက်အတွင်း ၄ ပွဲကစားရမယ့် အခြေအနေမျိုးရှိလာပါတယ်။ လီဗာပူးအသင်းကို ဂိုးပြတ်အနိုင် ရခဲ့တဲ့ ပဲလေ့စ်အသင်းဟာ လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်ကို ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း ကြားရက်မှာ ကစားဖို့ ရေးဆွဲထားပါတယ်။

ပဲလေ့စ်အသင်းဟာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ရှိသလို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဖင်လန်ကလပ် KuPS အသင်းနဲ့ ကွန်ဖရင့်စ်လိဂ်ပွဲ ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲ ကစားဖို့အတွက် လိဒ်ယူနိုက်တက်အသင်းအိမ်ကွင်းကို သွားရမှာဖြစ်လို့ ဒီပွဲစဉ်တွေ ကြားထဲမှာ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကိုပါ ထည့်တွက်မယ်ဆိုရင် ပဲလေ့စ်အသင်းက ၈ ရက်အတွင်း ပွဲစဉ် ၄ ပွဲကို ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ အာဆင်နယ်နဲ့ ပဲလေ့စ်အသင်းတို့ရဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဒီလိုပွဲစဉ်ကျပ်တည်းမှုအခြေအနေမျိုးကို လီဗာပူး အသင်းကြုံတွေ့ခဲ့ရဖူးပြီး ၂၄ နာရီအတွင်း ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲတွေမှာ လီဗာပူး အသင်းက မတူညီတဲ့အသင်း ၂ သင်းကို အသုံးပြုခဲ့ရဖူးပါတယ်။

image