1 ပတ် - ဘာသာပြန်ပါ။

အရေးပေါ်အခြေအနေ ကြေညာထားသည့်မြို့နယ်များ၏ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ တိုင်းမှူးများအား ဆက်လက်အပ်နှင်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး‌ကောင်စီက အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်း မှူးတွေကို အပ်နှင်းထားတာဟာ ဆက်လက်အတည်ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက စစ်အုပ်ချုပ် ရေးအမိန့်အမှတ် ၃/၂၀၂၅ ကို အောက်တိုဘာ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်တွေအတွင်း အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အပ် နှင်းထားတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့ဟာ သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ တိုင်းမှူးတို့ရဲ့ ကွပ်ကဲမှုအရ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ တိုင်းမှူးတွေဟာ စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေတွေ သတ်မှတ်ပြီး စစ်နယ်မြေမှူးတွေကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောတူညီချက်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်ပါတယ်။

သက်ဆိုင်ရာ တိုင်းမှူးတွေဟာ စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ထံ အစီရင်ခံရမှာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေး အမိန့်အရ သိရပါတယ်။

image