ဘောက်ဆင်ဒေးပွဲအဖြစ် မန်ယူ-နယူးကာဆယ်ပွဲသာ ကစားမည်

အခုရာသီ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၆ ရက်ညမှာ မန်ယူ-နယူးကာဆယ် ပွဲစဉ်တစ်ပွဲတည်းသာ ကစားမှာဖြစ်တယ်လို ပရီးမီးယားလိဂ်က အတည်ပြုပါတယ်။

အခုလိုမျိုး ဘောက်ဆင်ဒေးပွဲစဉ်ကို လျှော့ချလိုက် မှုက UEFA ကလပ်အသင်းပြိုင်ပွဲတွေ တိုးချဲ့ကျင်းပမှုရဲ့ သက်ရောက်မှုကြောင့်လို သိရပါတယ်။ ဒီဇင်ဘာလ အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အရင်နှစ်တွေကထက် ၁၆ ရက်လောက် နောက်ကျပြီးမှ ပရီးမီးယားလိဂ်က အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အခုလိုနောက်ကျရတာက ဘောလုံးပြက္ခဒိန်ရဲ့ ရှုပ်ထွေးမှုကြောင့် ဖြစ်တယ်လို ပရီးမီးယားလိဂ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ခရစ္စမတ်ရက်အပြီး နောက်ရက်ဖြစ်တဲ့ ဘောက်ဆင်ဒေးနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကျင်းပလေ့ရှိတာက အင်္ဂလိပ်ဘောလုံးသမိုင်းရဲ့ အစဉ်အလာတစ်ခုလို ဖြစ်ခဲ့ပေမယ့် UEFA ရဲ့ ကလပ်အသင်းပြိုင်ပွဲတွေ တိုးချဲ့ကျင်းပလာမှုက ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရေးဆွဲမှုအပေါ် သက်ရောက်မှု ရှိလာခဲ့တယ်လို ပရီးမီးယားလိဂ်က ဝန်ခံလိုက်ပါတယ်။

ဘောက်ဆင်ဒေးဖြစ်တဲ့ ဒီဇင်ဘာ ၂၆ ရက်ညမှာ မန်ယူ-နယူးကာဆယ် ပွဲစဉ်တစ်ပွဲတည်းသာ ကစားရ‌ပေမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပွဲစဉ် ၇ ပွဲနဲ့ ဒီဇင်ဘာ ၂၈ ရက်ညမှာ ပွဲစဉ် ၂ ပွဲ ကစားဖို့ ပရီးမီးယားလိဂ်က ရေးဆွဲထားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ ဘောက်ဆင်ဒေးနေ့မှာပဲ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကစားခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၈၊ ပွဲစဉ် ၁၉ နဲ့ ပွဲစဉ် ၂၀ တွေမှာ ပွဲစဉ်တွေကို ခွဲပြီး ကျင်းပဖို ရေးဆွဲထားတဲ့အတွက် ကစားသမားတွေအနေနဲ့ ပွဲပမ်းမှုကို ရှောင်လွှဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

image