ရန်ကုန်-နေပြည်တော် DEMUရထားအား ခဲဖြင့်ပေါက်သူကိုဖမ်းမိ
ရန်ကုန်-နေပြည်တော် DEMUရထားကို ခဲနဲ့ပစ်ပေါက်သူကို ဖမ်းမိခဲ့တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
အောက်တိုဘာ၂၈ရက်က အမှတ်၇အဆန် ရန်ကုန်-နေပြည်တော်DEMUရထားကို ဖြူးနဲ့ ဇေယျဝတီဘူတာအကြား ကားလမ်းကူးနေရာအရောက်မှာ ခဲနဲ့ပစ်ပေါက်ခဲ့တဲ့အတွက် ပထမတန်းတွဲ တွဲ၂ရဲ့ ပြတင်းပေါက်မှန် အပေါက်ဖြစ်သွားပြီး ခရီးသည်ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာမှာ ရထားလမ်းရဲ့ အနောက်ဘက်ချုံပုတ်အနီးမှာ ရထားကိုခဲနဲ့ပေါက်ခဲ့တဲ့ အသက်၁၈နှစ်အရွယ် လူငယ်အမျိုးသားကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိသူကို ဖြူးမြို့မရဲစခန်းမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
၂၀၁၆ခုနှစ် ဇန်နဝါရီ၅ရက်က ပြဋ္ဌာနိူခဲ့တဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ရထားကိုတစ်စုံတစ်ရာနဲ့ပစ်ပေါက်တာ၊ တစ်စုံတစ်ရာနဲ့ ထိခိုက်အောင်ပြုလုပ်ရင် အနည်းဆုံး၅နှစ်ကနေ အနှစ်၂၀ထိမပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ် ။