အသက်ငယ်ဆုံး အာကာသယာဉ်မှူးများ တရုတ်စေလွှတ်
တရုတ်နိုင်ငံက ရှန်ကျိုး-21 အာကာသဒုံးပျံနဲ့ အသက်ငယ်ဆုံး အာကာသယာဉ်မှူးတပ်ဖွဲ့ တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂြိုလ်တုလွှတ်တင်ရေးစင်တာကနေ စေလွှတ်ခဲ့တယ်လို့ Bloomberg သတင်းမှာဖော်ပြထားပါတယ်။
ဒါဟာ နိုင်ငံမှာအသက်ငယ်ဆုံး အာကာသယာဉ်မှုးတွေကို စေလွှတ်တာလည်းဖြစ်သလို ၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်အာကာသစခန်းကနေစေလွတ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် မစ်ရှင်လည်းဖြစ်ပါတယ်။
အခုစေလွှတ်လိုက်တဲ့ ရှန်ကျိုး-21 အာကာသယာဉ်မစ်ရှင်တွေမှာ ခြောက်လကြာနေထိုင်မဲ့ အာကာသယာဉ်မှူးသုံးဦးပါဝင်ပြီး အတွေ့အကြုံရှိ အာကာသယာဉ်မှူးတွေဖြစ်တာကြောင့် မစ်ရှင်အောင်မြင်လို့လည်း ခန့်မှန်းထားကြပါတယ်။
အာကာသထဲကို ပထမဆုံးအကြိမ်စေလွှတ်ခံခဲ့ရတဲ့ အသက် ၃၉ နှစ်၊ ၃၂ နှစ်နဲ့ ၃၀အရွယ်ရှိ အာကာယာဉ်မှူး ၃ ဦးတို့ဟာ တရုတ်နိုင်ငံသမိုင်းမှာအာကာထဲကိုသွားမယ့် အသက်အငယ်ဆုံး အာကာသယာဉ်မှူးတွေဖြစ်လာကြပါတယ်။
