7 ပတ် - ဘာသာပြန်ပါ။

သားဖြစ်သူကို ဂရုစိုက်ရန်အတွက် ဘောလုံးဝေဖန်ရေးသမားအလုပ်မှ နားလိုက်တဲ့ ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုး
====================

ယူနိုက်တက်ဂန္ထဝင်ကစားသမားပေါလ်စခိုးဟာ အော်တစ်ဇင်ဝေဒနာခံစားနေရတဲ့ သားဖြစ်သူအေဒင်ကို ဂရုစိုက်နိုင်ရန်အတွက် ဘောလုံးဝေဖန်ရေးသမားအလုပ်မှ နားလိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်ဟောင်းဟာ ဇနီးဟောင်းနှင့်အတူ အသက် ၂၀ နှစ်အရွယ်ရှိ သားဖြစ်သူကို ဂရုစိုက်နေရသူလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ အသက် ၅၀ နှစ်ရှိ ပေါလ်စခိုးဟာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် မီဒီယာများတွင် ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်လာခဲ့သူလည်း ဖြစ်ပါတယ်။

Stick to Football အစီအစဉ်တွင် ပေါလ်စခိုးက "အခု ကျွန်တော်လုပ်လာမယ့်အရာတွေက သူ့ဘေးနားမှာ အလုပ်လုပ်ဖို့ပါ။ စတူဒီယိုမှာလုပ်တယ်။ ဒါပေမယ့် အရာအားလုံးက သူ့ဝန်းကျင်မှာ လုပ်ရတာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ကြာသပတေးနေ့ညဆို ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပွဲတွေမှာ အလုပ်လုပ်တယ်။ ပုံမှန်ဆို အဲဒီညမှာ သူနဲ့ ရှိနေရတာ။ ဒီတော့ သူ စိတ်လှုပ်ရှားပြီး ကိုက်တာ ခြစ်တာ လုပ်တယ်။ ဒီအလုပ်လုပ်ချိန်က သူ့အတွက် အဆင်မပြေမှန်း သူသိတယ်"လို့ ဆိုသွားပါတယ်။

ပေါလ်စခိုးဟာ ကစားသမားဘဝတုန်းက သားဖြစ်သူ အော်တစ်ဇင်ခံစားနေရကြောင်းကို လျို့ဝှက်ထားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းအခြေအနေကို ကိုင်တွယ်ရန်အတွက် လုပ်ဆောင်ရမှုနှင့်အတူ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရန်ခုံသို့ ပို့ခြင်းပါ ခံခဲ့ရဖူးပါတယ်။

အော်တစ်ဇင်မှာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် မွေးရာပါ တစ်ခု ဖြစ်ပါတယ်။ ဗြိတိန်တွင် လူတစ်ရာလျှင် တစ်ဦးမှာ အော်တစ်ဇင်ဝေဒနာရှင်များ ဖြစ်ကြပါတယ်။

image