7 ပတ် - ဘာသာပြန်ပါ။

တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် သီပေါမြို့တွင် အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အထိ အခြေခံပညာကျောင်း ၁၁ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၁၇၁ ဦး တက်ရောက်လျက်ရှိ

တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် သီပေါမြို့တွင် အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အထိ အခြေခံပညာကျောင်း ၁၁ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၁၇၁ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၃၀ ရက်တွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

သီပေါမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၉ ရက်အထိ အခြေခံပညာကျောင်း ရှစ်ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်က အခြေခံပညာကျောင်း သုံးကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် စုစုပေါင်း အခြေခံပညာကျောင်း ၁၁ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိရာ အောက်တိုဘာ ၃၀ ရက်က ကျောင်းသား၊ ကျောင်းသူ ၁၈၃ ဦး ထပ်မံလာရောက်ကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁၇၁ ဦးအထိရှိပြီဖြစ်ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြကြောင်း၊ ထို့ပြင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သီပေါမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (စံဖိတ်) ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

image