အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်တီကတ်ရှ်(အက်စတွန်ဗီလာ)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ဟာလန်း(မန်စီးတီး)၊ ခရူပီ(ဘုန်းမောက်)၊ အမ်ဘူမို(မန်ယူ)၊ မူကီလီ(ဆန်းဒါးလန်း)၊ သီယာဂို(ဘရန့်ဖို့ဒ်)နဲ့ တင်ဘာ(အာဆင်နယ်)တို့ ပါဝင်ခဲ့ပြီး ဟာလန်းကလွဲရင် ကျန်တဲ့ကစားသမားတွေက ဒီရာသီမှာ လအလိုက်အကောင်းဆုံးဆု ရရှိဖူးခြင်း မရှိသေးပါဘူး။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်သုံးပွဲစလုံး အနိုင်ရခဲ့ကြတဲ့ အာမိုရင်မ်(မန်ယူ)၊ အာတေတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)တို့နဲ့အတူ အိုင်ရာအိုလာ(ဘုန်းမောက်)တို့ ပါဝင်ခဲ့ပြီး (၄)ဦးစလုံး ဒီရာသီမှာ လအလိုက်အကောင်းဆုံးနည်းပြဆု မရဖူးသေးပါဘူး။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဆယ်မင်ညို၊ ဂျပ်စတင်ကလွိုက်ဗတ်(ဘုန်းမောက် ၃-၁ ဖူလ်ဟမ်ပွဲ)၊ ကိုင်စီဒို(ချယ်လ်ဆီး ၂-၁ လီဗာပူးလ်ပွဲ)၊ ချာအူနာ(ဘန်လေ ၂-၀ လိဒ်စ်ပွဲ)၊ ဗော်တာမယ်ဒီ(ဘရိုက်တန် ၂-၁ နယူးကာဆယ်ပွဲ)၊ ဘူအန်ဒီယာ(စပါး ၁-၂ အက်စတွန်ဗီလာပွဲ)၊ ဆာလာ(ဘရန့်ဖို့ဒ် ၃-၂ လီဗာပူးလ်ပွဲ)၊ ဖလမ်းမင်း(ဝုလ်ဗ် ၂-၃ ဘန်လေပွဲ) တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ရိုအက်ဖ်စ်(မန်ယူ ၂-၀ ဆန်းဒါးလန်းပွဲ)၊ မက်ဇ်ဆဲလ်စ်(နယူးကာဆယ် ၂-၀ နော်တင်ဟမ်ဖောရက်စ်ပွဲ)၊ ဆမ်ဂျွန်စတုန်း(ဝုလ်ဗ် ၁-၁ ဘရိုက်တန်ပွဲ)၊ ဒင်းန်ဟန်ဒါဆန်(အာဆင်နယ် ၁-၀ ခရစ္စတယ်ပဲလေ့စ်ပွဲ)၊ ဒူဘရေကာ(ဝုလ်ဗ် ၂-၃ ဘန်လေပွဲ)၊ ဗစ်ကာရီယို(အဲဗာတန် ၀-၃ စပါးပွဲ)တို့ ပါဝင်ခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ ဒီဆုတွေအတွက် မဲပေးမှုကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ နိုဝင်ဘာ(၃)ရက်နေ့အထိ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

image