1 ပတ် - ဘာသာပြန်ပါ။

နာပိုလီအတွက် ပြန်ကစားနိုင်ရန် နီးစပ်လာပြီ ဖြစ်တဲ့ တိုက်စစ်မှူးလူကာကူ
===================

ရိုမီလူလူကာကူဟာ မကြာမီကာလအတွင်း ဒဏ်ရာမှ သက်သာပျောက်ကင်းကာ နာပိုလီအတွက် ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားဒဏ်ရာကြောင့် နှစ်လကျော်ကြာ အနားယူလာခဲ့ရတဲ့ လူကာကူဟာ ဘယ်လ်ဂျီယံတွင် ပြန်လည်ထူထောင်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် အီတလီသို့ ပြန်ရောက်ကာ နာပိုလီနှင့် ပြန်လည်ပူပေါင်းနေပြီလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဩဂုတ်လတုန်းက အိုလံပီယာကို့စ်နှင့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် ကစားသမားဘဝအတွင်း အဆိုးရွားဒဏ်ရာအဖြစ် ပေါင်ကြွက်သားဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

အစောပိုင်း ဆန်းစစ်မှုအရ ပြန်လည်ကောင်းမွန်လာရေး ရက် ၁၀၀ အချိန်ယူရမယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်လည်း လူကာကူဟာ နာပိုလီရဲ့ စီးရီးအေရာသီအစကို လွဲချော်လာခဲ့တဲ့အပြင် ဘယ်လ်ဂျီယံရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလည်း လွဲချော်လာခဲ့ပါတယ်။

လူကာကူဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရန် မရွေးချယ်ဘဲ ဘယ်လ်ဂျီယံတွင် ဘယ်လ်ဂျီယံမှ အထူးစပါယ်ရှယ်လစ်များနှင့် နာပိုလီဆေးအဖွဲ့တို့ရဲ့ ညွှန်ကြားမှုအောက်တွင် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းလုပ်လာခဲ့ပါတယ်။

ယခုအခါ လူကာကူဟာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ခဲပြီဖြစ်လို့ နေပယ်သို့ ပြန်လည် ရောက်လာပြီ ဖြစ်ပါတယ်။

သူဟာ ယခုရက်ပိုင်းအတွင်းတွင် နာပိုလီနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု စတင်ပြလုပ်လာပါမယ်။

သူဟာ နာပိုလီအတွက် ချက်ချင်း ပြန်ကစားလာမှာ မဟုတ်ဘဲ အစောပိုင်းတုန်းက သတ်မှတ်ထားတဲ့အတိုင်း သုံးလကျော်ချိန်တွင် အပြည့်အဝ ကောင်းမွန်လာခါမှ ပြန်ကစားလာပါမယ်။

ဒါကြောင့်လည်း လူကာကူဟာ လာမယ့် နိုဝင်ဘာလ တစ်လလုံး ကြံ့ခိုင်မှု ပြည့်ဝရေး လေ့ကျင့်ခန်းဆင်းမှုများ ပြုလုပ်ပြီး လာမယ့် ဒီဇင်ဘာလတွင်မှ ပြန်လည်ကစားလာဖို့ ရှိနေပါတယ်။

တဖက်တွင် နာပိုလီကွင်းလယ်ဖန်တီးရှင်ကီဗင်ဒီဘရိုင်းမှာ ညာဖက်ပေါင်ကြွက်သားဒဏ်ရာကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း (သို့မဟုတ်) မတ်လအစောပိုင်းအထိ အနားယူလာရပါမယ်။

ဒီဘရိုင်းဟာ အင်တာမီလန်အား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီကန်သွင်းစဉ် ယင်းဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

image