နွေရာသီတွင် ခေါ်ယူထားတဲ့ ကစားသမားသစ် တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်နားရလို့ ထိုးနှက်ချက် ကြုံလာရတဲ့ လီဗာပူး
=======================

လီဗာပူးညာနောက်ခံလူဂျီရီမီဖရမ်းပေါင်ဟာ ဖရန့်ဖတ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ၆ ပတ်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

နွေရာသီတွင် လေဗာကူဆင်မှ ပေါင် ၂၉.၅ သန်းဖြင့် ရောက်လာတဲ့ ဒတ်ချ်နောက်ခံလူဟာ ဒဏ်ရာကြောင့် အနားယူထားရပြီးသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါသေးတယ်။

ဒါပေမယ့် သူဟာ နောက်ထပ် တံကောက်ကြောဒဏ်ရာရရှိလာမှုနှင့်အတူ ခြောက်ပတ်ကြာ အနားယူလာရဦးမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ အောက်တိုဘာလအတွင်းတွင် ရလဒ်ဆိုးရွားနေမှုနှင့်အတူ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာမှာ ရပ်တည်နေရပြီး ခါရာဘောင်ဖလားမှလည်း ထွက်ခွာထားရပြီး ဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိ ဒတ်ချ်ညာနောက်ခံလူဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမှာ ဖြစ်ပေမယ့် ဒီဇင်ဘာလ ပွဲကြပ်ကာလအမီ ပြန်ကစားလာနိုင်ဖို့တော့ ရှိပါတယ်။

အန်းဆလော့ဟာ ယခုရာသီတွင် ညာနောက်ခံလူများဖြစ်ကြတဲ့ ကော်နာဘရက်ဒလေနှင့် ဖရမ်းပေါင်တို့ ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းကို ညာနောက်ခံလူအဖြစ် အကြိမ်ကြိမ် အသုံးပြုခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆလော့ဟာ ကြားရက်တုန်းက ခါရာဘောင်ဖလားပွဲတွင် ခြေစွမ်းပြခဲ့တဲ့ အသက် ၂၂ နှစ်ရှိ အဘာဒင်းညာနောက်ခံလူဟောင်းကယ်ဗင်ရမ်ဆေးကို လာမယ့်ပရီးမီးယားလိဂ်ပွဲများတွင် အသုံးပြုလာနိုင်ပါတယ်။

image