1 ပတ် - ဘာသာပြန်ပါ။

ဓာတ်ပုံဆရာ၊ ဒါရိုက်တာအလုပ်ဖြင့် အသက်မွေးရန် အသက် ၂၆ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူလာတဲ့ စပါးစ်ကစားသမားဟောင်း
====================

စပါးစ်ဂိုးသမားဟောင်းအယ်ဖီဝှိုက်မန်းဟာ ဓာတ်ပုံဆရာ၊ ဒါရိုက်တာအဖြစ် အသက်မွေးရန်အတွက် အသက် ၂၆ နှစ် အရွယ်မှာဘဲ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူလာပါတယ်။

စပါးစ်တွင်သာ ကစားသမားဘဝ ကုန်ဆုံးလာခဲ့တဲ့ ဝှိုက်မန်းဟာ ဆုများစွာ ရရှိဖူးတဲ့ Somesuch ကုမ္ပဏီနှင့် ပူးပေါင်းကာ ဇတ်လမ်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်များ ဖန်တီးလာမှာလည်း ဖြစ်ပါတယ်။

သူဟာ နွေရာသီတုန်းက စပါးစ်မှ ထွက်ခွာလာခဲ့သူဖြစ်ပြီး လက်အိတ်ချွတ်ကာ ဓာတ်ပုံနှင့် ဒါရိုက်တာပိုင်းဖြင့် အသက်မွေးရန် ဆုံးဖြတ်လာတာပါ။

သူဟာ မြောက်လန်ဒန်ကလပ်တွင် ၁၆ နှစ်ကြာ ကုန်ဆုံးလာခဲ့သူ ဖြစ်ပြီး ကွင်းအတွင်း အခွင့်အရေးများစွာ မရရှိပေမယ့် လေးစားခြင်းခံရတဲ့ ဂိုးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိ ဝှိုက်မန်းဟာ အော်စကာဆုရ ပရော့ဂျက်များတွင် နောက်ကွယ်မှ ပါဝင်ခဲ့တဲ့ လန်ဒန်နှင့် အယ်လ်အေအခြေစိက်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုကာ ရုပ်ရှင်ရိုက်ကူးရေး အာရုံစိက်ပြီး စာမျက်နှာသစ်ဖွင့်လှစ်လာပြီလည်း ဖြစ်ပါတယ်။
ဝှိုက်မန်းဟာ ဘောလုံးကစားသမားဘဝအဖြစ် ကျင်လည်နေစဉ်အတွင်း ရုပ်ရှင်ဖန်တီးမှုအပိုင်းအပေါ် စိတ်ဝင်စားလာမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရေး ကာလရှည် စဉ်းစားလာသူလည်း ဖြစ်ပါတယ်။

သူဟာ စပါးစ်တွင် ကစားစဉ်အတွင်း တစ်ပတ်လုပ်ခပေါင် ၂၀၀၀ မှ ပေါင် ၅၀၀၀ အတွင်း ရရှိမှုနှင့်အတူ ပရော်ဖက်ရှင်နယ်ဘဝနှင့် ဝါသနာအကြား ဟန်ချက်ညီအောင် နေထိုင်ကာ ရုပ်ရှင်ဖန်တီးမှုပိုင်းကို တဖြည်းဖြည်း သင်ကြားလာသူလည်း ဖြစ်ပါတယ်။
အင်္ဂလန်ယူ-၁၇ လက်ရွေးစင်ဟောင်းဟာ နွေရာသီတွင် စပါးစ်မှ ထွက်ခွာလာပြီးနောက် ချန်ပီယံရှစ်ကလပ်များစွာရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့်လည်း ပယ်ချကာ ဘောလုံးလောကကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့တာပါ။

image