အိန္ဒိယနိုင်ငံ ကုသိနာရုံမြန်မာကျောင်းထိုင်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူ
အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့(ရှ်)ပြည်နယ်၊ ကုသိနာရုံမြန်မာကျောင်းထိုင်ဆရာတော်နှင့် ပရဒေသီ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမ ဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရသည် ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက် ၄ နာရီ ၅၀ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ဆရာတော်သည် ဘဝနတ်ထံပျံလွန်တော်မူချိန်၌ သက်တော်(၈၉)နှစ်၊ သိက္ခာတော်(၆၉)ဝါရှိပြီဖြစ်ကာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများက နှမြောတသဝမ်းနည်းရပါကြောင်းကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။