4 ရက် - ဘာသာပြန်ပါ။

နျူကလီးယားလက်နက်စမ်းသပ်မှုများ ပြန်လုပ်မည်- ထရမ့်ပ်

အခြားသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများနှင့်တန်းတူအနေအထားအတိုင်း နျူကလီးယားလက်နက်စမ်းသပ်မှုများကို ချက်ချင်းပြန်လည်စတင်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို သူညွှန်ကြားထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်သည်။

ထို့အပြင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများ၌ အောင်မြင်မှုရခဲ့ပြီးနောက်တွင် မဟာမိတ် တောင်ကိုရီးယား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေးကိစ္စကို သူ က မီးစိမ်းပြခွင့်ပြု‌ပေးခဲ့သည်ဟုလည်း အမေရိကန်သမ္မတက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အခြားမည်သည့်နိုင်ငံထက်မဆို နျူကလီးယားလက်နက် ကို ပိုမိုပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံသည် ငါးနှစ်အတွင်း ယင်းပမာဏအတိုင်း ပိုင်ဆိုင်လိမ့်မည်ဟု ထရမ့်ပ် ပြောကြားခဲ့သည်။

အခြားနိုင်ငံများ၏ နျူကလီးယားစမ်းသပ်မှုအစီအစဉ်များကြောင့် နျူလက်နက်စမ်းသပ်မှုများ ပြန်စရန် သူ အမိန့်ပေးခဲ့သည်ဟု ထရမ့်ပ်က ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်ပ်က နျူကလီးယားထိပ်ဖူးများ ကို သယ်ဆောင်နိုင်သော ဒုံးကျည်များ စမ်းသပ်ခြင်းကို ဆိုလိုသည်လား သို့မဟုတ် နိုင်ငံတော် နျူကလီးယားဘေးကင်းရေး စီမံခန့်ခွဲရေးဌာနက စီမံဆောင်ရွက်ရသည့် နျူကလီးယားဗုံးစမ်းသပ်မှုကို ဆိုလိုသည်လားကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

image