ပဒေသာပင်ပေါင်း(၄၉)ပင်ဖြင့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ ၂၀၂၅ ခုနှစ် ကထိန်သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲ 
 
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၂၀၂၅ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
 
သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသည့် ဆရာတော်ကြီး(၂၇)ပါးကြွရောက်တော်မူကာ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။ 
 
သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များကိုရွတ်ပွားခဲ့ကြပြီးနောက် ယာယီသမ္မတနှင့် ဇနီးတို့မှ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ ကထိန်အလှူခံကျောင်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စိန်ရာဇာသာသနာလင်္ကာရ စာသင်တိုက်ဆရာတော်တို့ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 
 
ထို့ပြင် ကော်မရှင်ဒု-ဥက္ကဋ္ဌနှင့် ဇနီးတို့မှလည်း မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၊ တက်ရောက်လာကြသူများက ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ်ဆရာတော်နှင့် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက်ဆရာတော်တို့ထံမှ ကထိန်အမေးအဖြေများကိုနာယူကြည်ညိုပြီး မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။ 
 
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၂၀၂၅ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပ ဒေသာပင်(၄၉)ပင်၊ ငွေကျပ်(၇၉၁,၉၁၀,၅၀)နှင့် လှူဒါန်းငွေကျပ်(၈၈၅,၉၉၃,၅၀) စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေကျပ်(၁၆၇,၇၉၀,၄၀၀)ရှိကြောင်း သိရသည်။