စစ်ကိုင်းတိုင်း ငလျင်ထူထောင်ရေးတွင် အသုံးပြုမည့် ဘိလပ်မြေများ အထူးကုန်ရထားဖြင့် ပို့ဆောင်နေ

အမျိုးသား သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီ အစီအစဉ် ဖြင့် ငလျင်ဘေးဒ-ဏ်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ဆောက်လုပ်ရေး သုံးပစ္စည်းများကို အထူးကုန်ရထားဖြင့်ပေးဆောင်ပို့နေကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ(၃၀)ရက်ကလည်း ဘိလပ်မြေအိတ် (၉၇၂၀) တန်ချိန် (၄၈၆) တန်ကို စစ်ကိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် မန္တလေးမြို့၊ ရွှေကြက်ယက်ဘူတာသို့ ပေးပို့ခဲ့ပြီး ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေ သကြီးရှိ ငလျင်ဘေးဒ-ဏ်ပြန်လည်ထောင်ထူရေးအတွက် HRB 500 အမျိုးစား သံချောင်းလုံးတန်ချိန် (၂၂၂၉ ဒဿမ ၆၃) တန်၊ 4 Angle 0.33 mm အမိုးသွပ်ပြားချပ်ရေ (၄၉၀၀ ၀) ပြား (တန်ချိန် ၂၂၇ ဒဿမ ၉၁တန်) နှင့် ဘိလပ်မြေအိတ် (၁၉၄၆၀) အိတ် (တန်ချိန် ၉၇၃)တန်တို့ကို ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

image