သီပေါမြို့၌ အခြေခံပညာစာသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် 
 
ရှမ်းပြည်နယ်၊ သီပေါမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် အခြေခံပညာစာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိရာ အောက်တိုဘာ ၃၀ ရက်အထိ အခြေခံပညာစာသင် ကျောင်း(၁၁)ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 
 
အောက်တိုဘာ ၃၀ ရက်တွင် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦး ထပ်မံကျောင်းအပ်သဖြင့် အောင်တိုဘာ ၂၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကျောင်းသား၊ ကျောင်းသူ(၂,၁၇၁)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။