🌷လိုက်မခံစားခြင်းဖြင့် ရင့်ကျက်ပါ🌷
ရင့်ကျက်ခြင်းကို
မခံစားခြင်းလို့ အဓိပ္ပါယ်ဖွင့်ကြည့်မယ် ။
ကောင်းတဲ့အာရုံတွေ့လာလည်း
၀မ်းမြောက်မှု လောဘတွေမဖြစ်အောင်
ဆိုးတဲ့အာရုံတွေ့လာလည်း
မကျေနပ်မှု ဒေါသမထွက်ဖြစ်အောင်
လိုက်မခံစားပဲ နေတတ်ခြင်းပညာရှိဖို့
ကိုယ့်ဆီမှာ တကယ်လိုအပ်ပါတယ် ။
သတိပညာနည်းသူတွေဟာ
လာသမျှအာရုံကို ခံစားပြီးတော့နေကြတယ် ။
ငိုစရာရှိတာဆိုငိုတယ်
ရယ်စရာရှိတာဆို ရယ်လိုက်တယ်
ပျော်စရာရှိတာဆိုလည် ပျော်လိုက်ကြတယ် ။
ဒါက သာမန်အနေထားပါပဲ
ဘာမှဆန်းကြယ်တာမျိုးမဟုတ်ဘူးမလား ။
ကြုံလာတဲ့ အာရုံအမျိုးမျိုးမှာ
အကျိုးရှိလား မရှိလား ဆိုတာရယ်
ကောင်တဲ့လမ်းလား မကောင်းတဲ့လမ်းလား
ဆင်းရဲစေတဲ့လမ်းလား
ချမ်းသာစေတဲ့ လမ်းလားဆိုတာရယ်ကို
သတိထားပြီးတော့ ရင့်ကျက်စွာ မခံစားပဲနဲ့
ဒါလည်း ပြီးသွားမှာဆိုတဲ့ အသိလေးနဲ့နေရင်
လက်ရှိဘ၀ဟာ အေးချမ်းစွာ ရှိနေကြမှာပါ ။
သာရ ဂ ဝေ သီ