1 ပတ် - ဘာသာပြန်ပါ။

Jalan-Pulang (2025)
+++++++
လတ်စတီနီဟာ ခင်ပွန်းဖြစ်သူသေဆုံးမှုကြောင့် ပူဆွေးသောကတွေ မဆုံးသေးခင်မှာပဲ သမီးဖြစ်သူက
ဗွေဖောက်လာပြန်တဲ့အတွက် သောကရောက်နေရတဲ့ မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူတစ်ဖြည်းဖြည်းသိလာရတာက သမီးဖြစ်သူရဲ့ဝေဒနာဟာ ခေတ်ပေါ်ဆေးဝါးတွေ၊
ကုသနည်းတွေနဲ့ကုမရနိုင်တဲ့ အမှောင့်ပယောဂတစ်ခုခုဖြစ်နေတယ်ဆိုတာပါ။
အစပိုင်းမှာ ဒါတွေကိုအယုံအကြည်မရှိ၊လက်မခံခဲ့တဲ့သူဟာ မယုံပဲနေလို့မရတော့လောက်အောင်
ခြောက်ခြားစရာအဖြစ်တွေ အန္တရာယ်တွေကိုရင်ဆိုင်လာရချိန်မှာတော့ နတ်ဆရာ
အောက်လမ်းဆရာတွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြရပါတော့တယ်။
ဒါပေမယ့်လည်း သူ့သမီးအပေါ်စွဲကပ်နေတဲ့ မကောင်းဆိုးဝါးက အစွမ်းထက်လွန်းပြီး တွေ့သမျှ
ဆရာတွေအားလုံးကိုနောက်ကောက်ချနိုင်အောင်ကြမ်းတမ်းလွန်းနေတဲ့အခါမှာတော့ ဒီကျိန်စာ
ဒီစွဲကပ်မှုရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေကိုလိုက်လံစုံစမ်းရင်း သူကိုယ်တိုင် အစွဲချွတ်ရတော့မှာဖြစ်ပါတယ်။
ခေတ်ပေါ်အင်ဒိုဟော်ရာကားပီပီ အသတ်အဖြတ်၊အခြောက်အလှန့်တွေအရမ်းကြမ်းတဲ့အတွက်
ကြည့်ရဲမှကြည့်ကြပါ။
File Size… (1.16G / (692M
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 37m
Genre …Horror , Mystery , Thriller
Subtitle….Myanmar Subtitle (Hard Sub)

image