မန္တလေး ထုံးဘိုလမ်းခွဲ စိတ္တဇဆေးရုံအနီး တွဲကား(၄)စီး မီးလေ-ာင်ကျွမ်းမှုဖြစ်ပွား
မန္တလေး ထုံးဘိုလမ်းခွဲ စိတ္တဇဆေးရုံအနီး ၌ ယနေ့ အောက်တိုဘာ (၃၀)ရက် မွန်းလွဲပိုင်းအချိန်တွင် တွဲကား(၄)စီး မီးလေ-ာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်
အဆိုပါ ကားမီးလေ-ာင်ကျွမ်းမှုသည် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တော်လှကျေးရွာတွင် ရပ်ထားသည့်တွဲကားများ မီးလေ-ာင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မည်သည့်အတွက်လေ-ာင်ကျွမ်းသည်ကို မသိရှိရသေးဘဲ လက်ရှိတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။
မီးလေ-ာင်ပြင်သို့ အမရပူရမြို့နယ်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁နာရီဝန်းကျင်အချိန်တွင် အပြီးသတ်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။