မင်းကို အကြံပေးချင်တယ်  
1. အားလပ်ရက်တွေမှာ အချိန်မဖြုန်းနဲ့၊ 
အလုပ်ပိုလုပ်ပြီး ငွေရှာ။  
2. တန်ဖိုးရှိတဲ့လူ့အသိုင်းအဝိုင်းကို 
တွေ့ဆုံပွဲတွေကနေရှာသူတို့နဲ့ခင်အောင်လုပ်။  
လိုအပ်အချိန်အကူအညီတောင်းတတ်အောင်၊  
အကူအညီပေးနိုင်အောင် ပြင်ဆင်ထား။   
3. ပိုက်ဆံနဲ့မနက်ဖြန်နဲ့ ဘာကိုရွေးမလဲ လို့ 
မေးရင် မင်းမနက်ဖြန်ကိုပဲရွေးမှာ 
ဘာလို့လဲဆိုရင် အချိန်က တန်ဖိုးရှိလို့။ 
တန်ဖိုးရှိတဲ့မင်းရဲ့အချိန်တွေကို 
အမှိုက်တွေပြည့်နေတဲ့ 
Social Media အမှိုက်ပုံထဲမှာ 
ရူးရူးမိုက်မိုက်အချိန်ကုန်နေမယ့်အစား 
Pinterest, YouTube နဲ့ Easy2Success ကနေ 
အမြဲလေ့လာနေဖို့လိုတယ်။  
မင်းရဲ့ဖြစ်တည်မှုနဲ့အချိန်ကို 
အသုံးချနေတဲ့ပုံစံက 
ဖြစ်လာနိုင်မယ့် အခက်အခဲတွေကို 
သံလိုက်လိုဆွဲဆောင်လိမ့်မယ်။ 
ပုံစံပြောင်း၊ 
အကျင့်ကောင်းတွေမွေးမြူ၊ 
တော်သူအချင်းချင်း လေးစား၊ 
အချိန်ကို တန်ဖိုးထား။ 
ဒါဆိုအခက်အခဲတွေလျော့သွားပြီး 
မင်းနေချင်တဲ့ဘဝနဲ့ 
မင်းချစ်တဲ့သူတွေကို ပေးချင်တဲ့တန်ဖိုးတွေကို 
ကောင်းကောင်းပေးနိုင်လာလိမ့်မယ်။ 
ဒီအကြံကောင်းတွေက 
မင်းအတွက်အကျိုးရှိလိမ့်မယ်လို့ 
မျှော်လင့်တယ်။ 
မင်း ငါပေးတဲ့အကြံကိုဖတ်ပြီး 
လိုက်မလုပ်ခဲ့ရင်တော့ 
ဒီစာရေးနေတဲ့ငါ အချိန်ဖြုန်းမိသွားပြီ  
#crd
 
         
 
		  
		 
		 
                