လီဗာပူးအတွက် ကစားတဲ့ ပထမဆုံး ၁၆ မိနစ်တွင် ဒုတိယမြောက် အနီကတ်ပြသခံလာရတဲ့ အသက် ၁၈ နှစ် အရွယ်ရှိ အမရာနယ်လို
=================

လီဗာပူးဆယ်ကျော်သက်ကစားသမားအမရာနယ်လိုဟာ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ထပ်မံ အနီကတ်ပြသခြင်းခံရပြီးနောက် လီဗာပူးအတွက် ကစားတဲ့ ၁၆ မိနစ်တွင် ဒုတိယမြောက် အနီကတ်ပြသခြင်းခံလာရပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ နယ်လိုဟာ လီဗာပူးစီနီယာအသင်းအတွက် ဒုတိယမြောက်ပွဲကစားရာမှာ ဒုတိယမြောက် အနီကတ်ပြသခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့် ယခုရာသီ တတိယအကြိမ်မြောက်ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာ ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပြည်တွင်းတွင် ၅ ပွဲဆက် အရှုံးနှင့် ရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နယ်လိုကတော့ ပိုပြီးတော့ နာကျင်ရတဲ့ ကစားသမား ဖြစ်လာပါတယ်။

သူဟာ ဒုတိယပိုင်းတွင် လူစားဝင်ရောက် ကစားပြီး ၁၂ မိနစ်အကြာမှာပဲ အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

သူဟာ ၆၇ မိနစ်တွင် အလက်ဆစ်မက်အလစ်စတာအစား လူစားဝင်ရောက်ပြီးနောက် ၁၂ မိနစ်ကစားပြီးချိန်မှာဘဲ ဒိုင်လူကြီးခရစ်ပေါ်ဆင်ရဲ့ အနီကတ်ပြသခံခဲ့ရပါတယ်။

နောက်ခံလူဟာ ဂိုးပေါက်သို့ ထိုးဖောက်ဖို့ ကြိုးပမ်းတဲ့ ဂျပ်စတင်ဒီဗန်နီကို တားဆီးရာကနေ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာပါ။

သူဟာ လီဗာပူးစီနီယာအသင်းအတွက် ဒုတိယမြောက် အနီကတ်ပြသခံလာရတာပါ။

လီဗာပူးအကယ်ဒမီကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဗွီနှင့် ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲတွင်လည်း အနီကတ်ပြသခံခဲ့ရဖူးပါတယ်။

သူဟာ ပီအက်စ်ဗွီနှင့်ပွဲတွင် ၈၃ မိနစ်မှာ လူစားဝင်ရောက်ကစားပြီးတဲ့နောက် ၄ မိနစ်အကြာမှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး လီဗာပူးတို့လည်း ၃-၂ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်လည်း သူဟာ လီဗာပူးစီနီယာအသင်းအတွက် ၁၆ မိနစ်ကစားထားရာမှာ အနီကတ် ၂ ကတ်ပြသခြင်းခံထားရပြီလည်း ဖြစ်ပါတယ်။

image