ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် လေဆိပ်အား အောက်တိုဘာ ၂၉ ရက်မှစ၍ ည ၁၂ နာရီမှ နံနက် ၆ နာရီထိ ယာယီပိတ်ထား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် လေဆိပ်အား အောက်တိုဘာ ၂၉ ရက်မှစ၍ ည ၁၂ နာရီမှ နံနက် ၆ နာရီထိ ယာယီပိတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) မှ သိရသည်။
ထိုသို့ပိတ်ထားမည်ဖြစ်၍ MAI က ၎င်းတို့ ပြေးဆွဲပေးနေသည့် ခရီးစဉ်များ၏ ခရီးစဉ်အချိန်သစ်များအား ပြန်လည်ကြေညာခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်၍ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) မှ ခရီးစဉ်အချို့ကို ပြောင်းလဲထားကြောင်း၊ ပြုပြင်နေစဉ်ကာလအတွင်း လေဆိပ်အား ညသန်းခေါင်ယံ ၁၂ နာရီမှ မနက် ၆နာရီအထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း၊ ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ခရီးစဉ်များအတွက် အသစ်ထပ်မံပြောင်းလဲထားသော ခရီးစဉ်အချိန်များကို လေယာဉ်မထွက်ခွါမှီပြန်လည်စစ်ဆေးကြရန်နှင့် Transit ခရီးစဉ်များအတွက် အခြားလိုအပ်သော စီစဉ်မှုများ ပြုလုပ်ပေးထားပါရန် တိုက်တွန်းကြောင်း MAI က ကြေညာထားသည်။