ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ အစ္စရေး ထပ်မံပြုလုပ်
-------------------------
ပါလက်စတိုင်းနယ်မြေမှာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ထားကြောင်း အတည်ပြု ထားပေမဲ့ အစ္စရေးဟာ အောက်တိုဘာ ၂၉ ရက်က ဂါဇာမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြု လုပ်ခဲ့ကြောင်းကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဂါဇာမှာ အောက်တိုဘာ ၂၈ ရက်က အစ္စရေးစစ်သားတစ်ယောက် အသတ်ခံရတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး အခုလို အစ္စရေးက တိုက်ခိုက် တာတွေ ဆောင်ရွက်နေတာပါ။ ချိုးဖောက်မှုတိုင်းကို ခိုင်ခိုင်မာမာ တုံ့ပြန်ရင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
အစ္စရေးက ပါလက်စတိုင်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ဟားမတ်စ်စစ်သွေးကြွ အဖွဲ့ကို စွပ်စွဲပြီးနောက် အောက်တိုဘာ ၂၈ ရက်မှာ အစ္စရေးက လေယာဉ်တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါ တယ်။ ထရမ့်ရဲ့စေ့စပ်မှုက အောက်တိုဘာ ၁၀ ရက်မှာ စတင် အသက်ဝင်ခဲ့ပေမဲ့ အပြန်အလှန်ချိုးဖောက်မှုတွေ ကြောင့် အခုလို အဆိုးရွားဆုံး တင်းမာမှုတွေ ပြန်လည်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။