မေဂျာလိဂ် ဒုတိယလစာအများဆုံး ဆွန်ဟောင်မင်ဖြစ်လာ
---------------------
လော့စ်အန်ဂျလိစ် အက်ဖ်စီအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ နောက်ဆုံးထုတ်ပြန် ထားတဲ့စာရင်းတွေအရ မေဂျာလိဂ်ရဲ့ ဒုတိယလစာအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ မေဂျာလိဂ် ကစားသမားအစည်းအရုံးက နောက်ဆုံးရရှိထားတဲ့ လုပ်ခလစာစာရင်းတွေကို ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
မေဂျာလိဂ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားကတော့ အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ သန်းရရှိနေတာဖြစ် ပါတယ်။ အခုနွေရာသီမှာ စပါး အသင်းကနေ LAFC အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်က တစ်နှစ်ကို ဒေါ်လာ ၁၁ ဒသမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ LAFC အသင်းတို့ စာချုပ်က် ၂၀၂၇ အထိ သက်တမ်းရှိနေပြီး ၂၀၂၉ အထိ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆွန်ဟောင်မင်ဟာ အခုရာသီ မေဂျာလိဂ် ၁၀ ပွဲမှာ ၉ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးကာ ခြေစွမ်းပြထားနိုင်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ မေဂျာလိဂ်ရဲ့ လုပ်ခလစာ အများဆုံး ၅ ယောက်ထဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဘက်စကွက်စ်၊ အတ္တလန္တာယူနိုက်တက် ကစားသမား အယ်မီရွန်နဲ့ ဆန်ဒီယေဂိုအသင်းကစားသမား လိုဇာနိုတို့ ပါဝင်နေတယ်လို့ သိရပါတယ်။