အင်ဒိုနီးရှား၌ ကျောင်းသား ၇၀၀ နီးပါး အစာအဆိပ်သင့်
----------------------

အင်ဒိုနီးရှားအာဏာပိုင်တွေရဲ့ပြောကြားချက်အရ သမ္မတ ပရာဘိုဝို ဆူဘီယန်တို စီစဉ်ထားတဲ့ အခမဲ့စားသုံးနိုင်တဲ့ အစားအစာတွေကို စားသုံးပြီးနောက် ယော့ယာကာတာပြည်နယ်ရှိ ကျောင်းသား ၇၀၀ လောက် အစာအဆိပ်သင့် မှု ဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အစာအဆိပ်သင့်မှု ဖြစ်ရပ်တွေကို အခုသီတင်းပတ်အတွင်းမှာ အပြီးသတ် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြည်နယ်အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ ကျောင်းအစားအစာ အစီအစဉ်ဟာ ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေး ကတိကဝတ်တစ်ခုဖြစ်ပေမဲ့ အဲဒီအစီစဉ်ကြောင့် အောက်တိုဘာ ၂၉ ရက်အထိ ကျောင်းသား ၁၅၀၀၀ လောက် ဖျားနာခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးမှူးတွေက ပြောကြားထားပါတယ်။

အစားအစာတွေကို သန့်ရှင်းသပ်ရပ်စွာ သိုလှောင်မထားတဲ့အပြင် ညကတည်းက ချက်ပြုတ်ထားတဲ့ အစားအစာ တွေကို မနက်ခင်းမှာ ကျွေးမွေးတာကြောင့် အခုလို အဆိပ်သင့်မှု ဖြစ်ပွားရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

image