Guinea Pig (အလှမွေးပူး) မျိုးတန်းတွေထဲက
Coronet Breed မျိုးတန်းအကြောင်းတစေ့တစောင်း
Guinea Pig (Coronet) မျိုးတန်းလေးတွေက
Long Hair အမွှေးရှည်မျိုးလေးတွေဖြစ်ပါတယ်။
Coronet ဆိုတဲ့မျိုးတန်းက
1970 ခုနှစ် အင်္ဂလန်နိုင်ငံမှာ အလှမွေးပူး
Silkie (ဒဲ့အမွှေးရှည်) ဆိုတဲ့ မျိုးတန်းနဲ့
Crested (နဖူးထိပ်ပေါ်ဗွေပါအမွှေးတို) မျိုးတန်း
နှစ်မျိုးကို မျိုးစပ်ပြီး ရလာတဲ့ မျိုးတန်းတစ်ခုပါ ။
သူတို့ရဲ့ ထူးခြားချက်ကတော့ နဖူးထိပ်မှာ
ဗွေတစ်လုံးပါရှိတဲ့အတွက် နဖူးကနေ
ရေပန်းလေးသဖွယ် အမွှေးလေးတွေဖြာထွက်ပြီး
ဖြောင့်ဖြောင့်စင်းစင်းလေးရှည်လျားတာမို့လို့
ဆံပင်အလယ်ခွဲ ဂုတ်ဝဲကေ နဲ့ ပူးလေးတွေလို့လည်း
ခေါ်ဝေါ်ကြပါတယ် ။
Long Hair အမွှေးရှည်မျိုးလေးတွေဖြစ်တာကြောင့်
ကိုယ်ပျိုးတတ်ရင်ပျိုးတတ်သလို
Hair care လေးလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သလို
အမွှေးလေးတွေက ရှယ်လှတာမို့လို့
ထိုင်းနိုင်ငံမှာဆိုရင် အလှမွေးပူးရှိုးပွဲ
တွေတောင်ရှိပါတယ် ။
Personality အရဆိုရင်တော့ သူတို့မျိုးတန်းက
Social ကောင်းတယ် ။
လူယဉ်တယ် ။ လူကိုခင်တွယ်တယ် ။
Attention ရှာရတာကို ကြိုက်နှစ်သက်ပါတယ် ။
Coronet Breed က မင်မင်အကြိုက်နှစ်သက်ဆုံး
ပူးမျိုးတန်းတစ်ခုလို့တောင် ဆိုလို့ရပါတယ် ။
ဘာလို့လဲဆိုတော့ ဆံပင်ဂုတ်ဝဲကေလေးတွေနဲ့
သူတို့ရဲ့ အူတူတူမျက်နှာထားလေးတွေနဲ့က
လုံးဝ လိုက်ဖက် 😂 🩷
ဟာသ သရုပ်ဆောင်လေးတွေလိုဘဲ
ရုပ်လေးတွေကရီရတယ် ။ ချစ်ဖို့ကောင်းတယ် ။

image
image
image
image