“အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကို သက်သာပျောက်ကင်းစေသည့် ကြက်ဥ-သံပုရာဆမ်း ဆေးတစ်ခွက်”
အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက်ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့
(၁) ကြက်ဥအစိမ်း - တစ်လုံး၊
(၂) သံပုရာသီးအမှည့် - တစ်လုံး၊
(၃) သကြားဖြူ - ဟင်းစားဇွန်း နှစ်ဇွန်း တို့ကို ဖောက်ထည့် ရောမွှေပေးပါ။
သံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင်ပေးတဲ့ ရိုးရာဆေးတစ်လက် ဖြစ်ပါတယ်။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ်။ အိပ်ရေးပျက်သူတွေအတွက်လည်း အားဆေးတစ်လက်ပါ။
“ကျန်းမာချမ်းသာကြပါစေ”

image