8 ပတ် - ဘာသာပြန်ပါ။

ပြည်ကြီးငါး ပဲပြား ကြော် အစပ်
ကျမက ပြည်ကြီးငါးကို သူ့ချည်းပဲကြော်/ချက်ရင် သိပ်မကြိုက်ဘူး၊ အသီးအရွက်လေးတွေနဲ့ကြော်/ ချဉ်စပ်သုပ်စားတာတို့ဆိုကြိုက်တယ်။
ပြည်ကြီးငါးကြော်ဖို့ ငရုတ်ပွအနီ၊အစိမ်း၊ ဥနီ၊ ပဲပြား ပြင်ဆင်ထားမယ်။
*ကြက်သွန်ဖြူ၊ အနီငရုတ်ပုခြောက် သုံးမျိုးရောပြီး ညှက်အောင်ထောင်းထားတာကို ဆီချက်စပ်ပါမယ်။ ပြီးလျှင် ပြည်ကြီးငါးထည့်၊အသီးအရွက်လေးတွေထည့်၊
(ပဲငံပြာရည်အကျဲ၊ခရုဆီ၊ Abc sweet soy sauce(ကြာညို့)၊ ငရုတ်ကောင်း စတာတွေ ရောဖျော်ထားတာထည့်လိုက်မယ်။) ဆား၊အပေါ့အငန်အဆင်ပြေပြီဆိုလျှင် ကြက်သွန်မြိတ်အုပ်ပြီး သုံးဆောင်ပါမယ်

image