1 ပတ် - ဘာသာပြန်ပါ။

ဝုဗ်နိုင်ပွဲမှာ လီယန်ဒီလက်ရဲ့ အနီကတ်မှာ အလွန်မိုက်မဲကြောင်းနှင့် ယခုရာသီ ဆက်တိုက် အနီကတ်ပြသခံရမှုများမှာ ရှက်စရာဖြစ်လာကြောင်း မာရက်စ်ကာ ပြောကြားလာ
======================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ဝုဗ်ကို ၄-၃ ဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားပွဲစဉ်မှ လီယမ်ဒီလက်ရဲ့ အနီကတ်မှာ အလွန်မိုက်မဲကြောင်းနှင့် ယခုရာသီတွင် အနီကတ်များ ဆက်တိုက် ပြသခြင်းခံလာရမှုများမှာ ရှက်စရာ ဖြစ်လာကြောင်း ပြောကြားလာပါတယ်။

ဒီလက်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၁၀ ပတ်ကြာ အနားယူခဲ့ရပြီးနောက် ဝုဗ်နှင့်ပွဲတွင် အရန်အဖြစ် ဝင်ရောက်လာပြီး ၂၆ မိနစ်အကြာမှာပင် အနီကတ်ပြသထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီလက်ဟာ ယာဆင်မိုစကွီရာအား တွန်းမှု၊ အီမန်နူရယ်အက်ဘာဒူအား ပြစ်ဒဏ်ကျူးလွန်မှုတို့အတွက် ပြစ်ဒဏ်ကျူးလွန်မှုတို့အတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟာ ၇ မိနစ်အတွင်း အဝါကတ်နှစ်ကြိမ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးဟာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရမှုနှင့်အတူ စနေနေ့ညတွင် လန်ဒန်မြို့ခံပြိုင်ဘက် စပါးစ်နှင့် ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ တိုက်စစ်သမားဂျာအိုပီဒရို ကြံ့ခိုင်မှု မပြည့်ဝချိန်တွင် ဒီလက် ပွဲပယ်ခံလာရမှုနှင့်အတူ တိုက်စစ်ပြဿနာ ကြုံလာရပါတယ်။

ဒီလက် အနီကတ်ပြသခံရဖို့ ထိုက်တန်သလားလို့ မေးမြန်းလာချိန်မှာတော့ မာရက်စ်ကာက "ထိုက်တန်တာပေါ့။ မိုက်မဲတဲ့ ဖျက်ထုတ်မှု။ ဒါတွေကို ရှောင်လွဲနိုင်တာပဲလေ။ ပထမအဝါကတ်ပြသခံရကတည်းက ဒီလက်ကို စိတ်အေးလက်အေး ထားဖို့ လေးငါးကြိမ် ပြောခဲ့တယ်။ ဒါပေမယ့် လီယမ်က ကွင်းထဲမှာ ရှိနေတဲ့သူလေ။ ပွဲကို သူ့အတွက် ကစားနေတဲ့သူလေ"လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ ယခုရာသီ ၉ ပွဲကစားရာတွင် ၆ ကြိမ်မြောက် အနီကတ်ပြသခြင်းခံလာရတာ ဖြစ်ပါတယ်။

တဖက်တွင် မာရက်စ်ကာကိုယ်တိုင်မှာလည်း လီဗာပူးနှင့်ပွဲတွင် အချိန်ပို အနိုင်ဂိုး သွင်းယူပြီးနောက် ကစားသမားများနှင့်အတူ အောင်ပွဲခံမှုအတွက် အနီကတ်ပြသခံရဖူးပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ သုံးရာသီအတွင်းတွင် ပရီးမီးယားလိဂ်မှာ အဝါကတ်အပြသခံရဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

image