AFC Challenge League အုပ်စုဒုတိယမြောက်ပွဲစဉ်တွင် ထပ်မံရှုံးနိမ့်ခဲ့ပြန်သည့် ရှမ်းယူနိုက်တက်အသင်း
ယနေ့ အောက်တိုဘာ (၂၉)ရက် မွန်းလွဲပိုင်းမှာ AFC Challenge League အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အမျိုးသားအသင်းနှင့် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြန်သည်။
ပထမပွဲချိန်မှာ ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို မြတ်ကောင်းခန့်က သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်မှာ ပြိုင်ဘက် ဖနွမ်းပင်ခရောင်းအသင်းက ချေပဂိုးအပါ အနိုင်သွင်းဂိုး (၃)ဂိုးဖြင့် အဆုံးသတ်ခဲ့ကြသည်။
ရှမ်းယူနိုက်တက်အသင်းသည် အောက် တိုဘာ (၂၆)ရက်က အုပ်စုအဖွင့်ပွဲစဥ်တွင်လည်း တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
AFC Challenge League ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံရှိ ဒေဝယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် Sport Centre Kelapa Dua Tangerang Stadium ၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းလည်းဖြစ် သည်။