မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အား သွင်းကုန်ခွန် 0% သတ်မှတ်ရန် ထရမ့် အတည်ပြု
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရွေးချယ်ထားသော ကုန်စည်များအတွက် သွင်းကုန်ခွန် 0% သတ်မှတ်ခြင်း စီမံချက်ကို ကွာလာလမ်ပူတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ တရားဝင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အရှေ့တောင်အာရှ သုံးနိုင်ငံသည် ယခင်က သွင်းကုန်ခွန်များကို 19% မှစ၍ ပေးဆောင်ခဲ့ကြရသော်လည်း ယခု အစီအစဉ်အသစ်အရဆိုလျှင်မူ ကုန်ပစ္စည်းအမျိုးအစားများစွာသည် အမေရိကန်ဈေးကွက်သို့ အခွန်လွတ် ဝင်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။
ယင်း သွင်းကုန်ခွန် ကင်းလွတ်ခွင့်သည် လေကြောင်းနှင့် လေကြောင်းဆိုင်ရာ စက်ပစ္စည်းများ၊ ဆေးဝါးများနှင့် စားအုန်းဆီ၊ ကိုကိုးနှင့် ရာဘာ ကဲ့သို့သော အဓိက ကုန်ပစ္စည်းများအကျုံးဝင်သည်ဟု မလေးရှား ကုန်သွယ်ရေးဝန်ကြီး Tengku Zafrul Aziz ကဆိုသည်။ ယခုသဘောတူညီချက်သည် မလေးရှား၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး ဝါရှင်တန်နှင့် ကုန်သွယ်ရေးဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု သူက မျှော်လင့်ထားသည်။
အမေရိကန်၏ ကုန်သွယ်ရေး လိုက်လျောမှုများသည် အရှေ့တောင်အာရှနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် အဓိက ခြေလှမ်းတစ်ခုဖြစ်ပြီး ဒေသတစ်ဝှမ်းတွင် ကုန်သွယ်ရေး ကွဲပြားမှုကို ပိုမို အားပေးလိမ့်မည်ဟု အားလုံးက မျှော်လင့်ထားသည်။