ကစားသမားဘဝ အကြီးမားဆုံးနိုင်ပွဲဟု နော်ရီပြော
---------------------------

ပဲရစ်မာစတာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ အယ်ကာရက်ဇ်ကို အနိုင်ရတဲ့ပွဲက ကစားသမားဘဝ အကြီးမား ဆုံးနိုင်ပွဲ ဖြစ်တယ်လို့ ဗြိတိန်တင်းနစ်သမား နော်ရီက ပြောကြားလိုက်ပါတယ်။အခုနှစ် ဝင်ဘယ်ဒန်ကွာတားဖိုင်နယ်မှာ အယ်ကာရက်ဇ်ကို ရှုံးနိမ့်ထားခဲ့ဖူးတဲ့ နော်ရီဟာ ပဲရစ်မာစတာ ဒုတိယအဆင့်ပွဲမှာတော့ အယ်ကာရက်ဇ်ကို (၄း၆၊၆း၃၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားတာဖြစ်ပါတယ်။

ဒီနိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ အကြီးမားဆုံးဖြစ်တယ်လို့ လက်ဒဏ်ရာကြောင့် ၂၀၂၄ ပဲရစ်အိုလံပစ်နဲ့ ၂၀၂၄ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေကို လွဲချော်ခဲ့ရတဲ့ နော်ရီကပြောပါတယ်။ နော်ရစ်ဟာ မနှစ်က အခုပြိုင်ပွဲမှာ ပထမအဆင့် လက်ရည်စစ်ပွဲမှာပဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး အခုနှစ်မှာတော့ အံ့အားသင့်ဖွယ်လက်စွမ်းနဲ့ ၁၆ ဦးအဆင့် ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၃၁ မှာရပ်တည်နေတဲ့ နော်ရီအတွက်ကတော့ အခုနိုင်ပွဲက ကမ္ဘာ့အဆင့် ၁ ကစားသမားတစ်ယောက်ကို ပထမဆုံးအကြိမ်အနိုင်ရတာလည်းဖြစ်ပါတယ်။

အခုပွဲမှာ အယ်ကာရက်ဇ်က ပထမပွဲလတ်မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နော်ရီက နောက်ပွဲတွေကို အနိုင်ပြန် ရအောင် ကစားခဲ့ပြီး အခုလို နောက်တစ်ဆင့်ကို တက်သွားတာဖြစ်ပါတယ်။ အခုပွဲမှာ အမှား ၅၄ ကြိမ် အထိ ကျူးလွန်ခဲ့တဲ့ အယ်ကာရက်ဇ်ကတော့ အခုပွဲကသူ့ရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိတယ်လို့ ပြောသွား ပါတယ်။

image