14 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ချွန်ပူလီတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၂ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် စီလချာမြို့အတွင်းရှိ ရေပူရေအေးခွက်စက်ရုံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၂ ဦးကို စက်ရုံမှ လုပ်အားခတစ်လစာမပေးသည့်အပြင် အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ကူညီပေးနေသည့် WAGအဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် ၎င်းစက်ရုံတွင် သုံးလမှ ခြောက်လကျော်အလုပ်လုပ်ကိုင်နေသူများ ဖြစ်ပြီးအလုပ်ဝင်ရန် ချွန်ပူလီဘော ဝင်းတွင်း ရှိဘတ်ငါးသန်း၊ အေဂျင်စီအား အလုပ်ဝင်ခ စမတ်ကြေး ဘတ် ၈၀၀၀ နှင့်ကျန့်ခေါက်ခ(သူဌေးပြောင်းခ) ဘတ် ၄၅၀၀ ပေးခဲ့ရသူများဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် ၎င်းစက်ရုံတွင် စက်တင်ဘာ ၅ ရက်မှအောက်တိုဘာ ၅ ရက်အထိ လုပ်အားခ တစ်လစာကိုမရရှိခဲ့ဘဲ စက်ရုံအလုပ်ရှင်သူဌေးက အောက်တိုဘာ ၁၆ ရက်တွင် အလုပ်ထုတ်ခဲ့သည့်အတွက် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

image