ကြက်ဥဆီပြန်ချက်နည်း
**************
ကြက်ဥကိုပြုတ်ပြီးအခွံခွားထားပါ
ငရုတ်သီး ကြက်သွန်နီများများ
ကြက်သွန်ဖြူ ဂျင်းအနည်းငယ်ကို
ငပိအနည်းငယ်ထည့်ထောင်းပါ
ဆီများများလေးသတ်ပါ
ဆနွင်းမူန့်ထည့်ပြီး ငရုတ်သီးထောင်း
ထည့်ကြော်ပါ
မီးပုံမှန်နဲ့ ငရုတ်သီးအနံ့မွှေးလာအောင်ကြော်ပါ
ကြက်ဥထည့်ပါ မဆလာထည့်ပြီးမွှေပါ
နံ့သွားရင် ရေသင့်ရုံလေးထည့်
အရသာထည့်ပြီး အဖုံးအုပ်ချက်
အနှစ်ကျပြီး ရေကျန်ဆီပြန်လေးဖြစ်ရင်
ကြက်ဥကိုနှစ်ခြမ်းခွဲလိုက်ပါ
နံနံပင်လေးအုပ်ပြီး အဖုံးခဏဖုံးပေးထားရင်
ရပါပြီရှင့်.. 😊

image